25 ဤသို့မိန့်ဆိုလိုက်သည်နှင့် ချက်ချင်း ထိုသူသည် လူအများရှေ့တွင် မတ်တပ်ထရပ်လိုက်ပြီး သူလဲလျောင်းနေခဲ့သောဖျာကို ကောက်ယူသိမ်းဆည်းပြီးနောက် ဘုရားရှင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကာ အိမ်သို့ပြန်သွားလေ၏။
သူ၏လက်တော်ကို ထိုအမျိုးသမီးပေါ်၌ တင်တော်မူလိုက်သောအခါ ချက်ချင်းပင် သူမသည် ခါးဆန့်သွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။
ထိုချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်ပြီးလျှင် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျှက် ကိုယ်တော်ယေရှု၏နောက်တော်သို့ လိုက်ပါသွားလေ၏။ ထိုအဖြစ်အပျက်ကိုမြင်သော လူပရိသတ်အပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြလေ၏။
ထို့ကြောင့် ကိုယ်တော်သည် ထိုသူအား လက်တော်နှင့်တို့ထိ၍ “ငါအလိုရှိ၏။ ပျောက်ကင်းစေ” ဟုမိန့်တော်မူသည်နှင့်ချက်ချင်းပင် ထိုသူ၏ရောဂါမှာ ပျောက်ကင်းသွားလေ၏။