1 တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် ဂင်္နေသရက်အိုင်နားတွင် ရပ်နေတော်မူနေစဉ် လူထုပရိသတ်တို့သည် ဘုရားရှင်၏နှုတ်ကပတ်တော်ကို ကြားနာရန် ကိုယ်တော်၏ပတ်လည်၌ စုဝေးရောက်ရှိလာကြ၏
ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူထုပရိသတ်တို့သည် စုဝေးလာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် တက်နင်းမိလောက်အောင် ဖြစ်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များအား ဦးစွာပထမမိန့်ဆိုသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သော သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ထို့နောက် ကိုယ်တော်သည် ကမ်းစပ်တွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့သည်လည်း လှေပေါ်မှဆင်း၍ ငါးဖမ်းပိုက်ကွန်များကို ဆေးကြောနေကြ၏။
တစ်နေ့သောအခါကိုယ်တော်သည် တပည့်တော်များနှင့်အတူ လှေတစ်စီးပေါ်သို့တက်၍ “ဤရေအိုင်တစ်ဖက်ကမ်းသို့ ဖြတ်ကူးကြစို့” ဟုမိန့်တော်မူသဖြင့် သူတို့သည်လည်း ရွက်လွှင့်သွားကြလေ၏။
ထိုသို့ဖြတ်ကူးနေစဉ် ကိုယ်တော်သည် အိပ်မောကျတော်မူ၏။ ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်ခတ်၍ လှေသည်လည်း နစ်မြုပ်စပြုလာပြီး အန္တရာယ်ကြုံကြရလေ၏။
ထို့ကြောင့် မကောင်းဆိုးဝါးတို့သည် ထိုလူထံမှထွက်၍ ဝက်များထဲသို့ ဝင်ပူးကြပြီးနောက် ထိုဝက်အုပ်ကြီးတစ်အုပ်လုံးသည် မတ်စောက်သောကမ်းပါးမှရေအိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်းကာ ရေနစ်သွားကြလေတော့၏။
ထိုအခါ ကိုယ်တော်က “ငါ့ကို မည်သူတို့ထိလိုက်သနည်း” ဟုမေးသောအခါ လူတို့ကလည်း မိမိတို့မတို့ထိကြောင်းကို ငြင်းဆန်ကြပြီး ပေတရုက “ကိုယ်တော်၏ဘေးပတ်လည်၌ လူအုပ်ကြီးသည် တိုးဝှေ့နေကြပါသည်” ဟုလျှောက်ထားလေ၏။