Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 4:34 - Musselmani Burmese

34 နာဇရက်မြို့သား ယေရှု၊ အသင် ကျွန်ုပ်တို့ကို မည်သို့ပြုမည်နည်း။ ကျွန်ုပ်တို့ကို ဖျက်ဆီးဖို့လာသလော။ သင်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ သင်သည် ဘုရားရှင်ထံတော်မှလာသော မြင့်မြတ်သောသူဖြစ်ပါ၏” ဟုကျယ်လောင်သောအသံဖြင့် အော်ဟစ်ပြောဆိုလေ၏။

Faic an caibideil Dèan lethbhreac




Luke 4:34
22 Iomraidhean Croise  

“ဖရိချ်သာ” ကောင်းကင်တမန်က “ရူဟုလ်ကုဒွတ်စ် သန့်ရှင်းသောဝိညာဥ်တော်သည် သင်၏အပေါ်သို့ သက်ရောက်လိမ့်မည်။ အမြင့်မြတ်ဆုံးသောအရှင်မြတ်၏ ‘ကူဒူရသ်’ တန်ခိုးတော်သည် သင့်ကိုလွှမ်းခြုံလိမ့်မည်။ ထိုကြောင့် သင်မွေးဖွားမည့်ကလေးငယ်သည် သန့်ရှင်းမြင့်မြတ်သူဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏သားတော်ဟူ၍လည်းကောင်း ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။


ထိုဓမ္မာရုံထဲတွင် မကောင်းဆိုးဝါးပူးကပ်နေသော လူတစ်ဦးရှိလေသည်။ ထိုသူက ကိုယ်တော်အား


မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။


ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။


ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။


Lean sinn:

Sanasan


Sanasan