21 ထို့နောက် ကိုယ်တော်က လူတို့အား “သင်တို့ ကြားနာလိုက်ရသည့် ဤကျမ်းစာပိုဒ်သည် ယနေ့ပင် အမှန်တကယ် ဖြစ်လာပြီ” ဟုမိန့်တော်မူသဖြင့်
ထိုသို့ဖတ်ရှုပြီးနောက် ကိုယ်တော်သည် ကျမ်းစာကို လိပ်၍ ဓမ္မာရုံတာဝန်ခံအား လှမ်းပေးပြီးနောက် ထိုင်လိုက်သည့်အချိန်၌ ဓမ္မာရုံရှိ လူအပေါင်းတို့သည်လည်း ကိုယ်တော်ကို အနီးကပ်စောင့်ကြည့်နေကြ၏။
လူအပေါင်းတို့သည် အစပထမ၌ ကိုယ်တော့်ကို ချီးကျူးကြပြီး ကိုယ်တော်မိန့်ဆိုသည့်စကားတို့ကို အံ့ဩမင်သက်လျက်ရှိကြကုန်၏။ သို့သော် အချို့သောသူတို့ကမူ “ဤသူသည် ယောသပ်၏သားမဟုတ်လော” ဟုအချင်းချင်းပြောဆိုကြလေ၏။