Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 4:17 - Musselmani Burmese

17 ထို့နောက် ကိုယ်တော်အား အရိယာသူတော်စင်ဟေရှာယ၏ကျမ်းစာလိပ်ကို ပေးလိုက်သဖြင့် သူသည် ဖွင့်၍ဖတ်လေ၏။

Faic an caibideil Dèan lethbhreac




Luke 4:17
9 Iomraidhean Croise  

သို့သော် အာဗြဟံက ‘သင်၏ညီအစ်ကိုတို့၌ မောရှေနှင့် အရိယာသူတော်စင်တို့ ပညတ်ကျမ်းများရှိကြ၏။ ထိုကျမ်းတို့ကို သူတို့လိုက်နာကြပါစေ’ ဟုဆိုသောအခါ


ဆာလံကျမ်း၌ ဘုရင်ဒါဝိဒ်ကိုယ်တိုင်က ‘ဘုရားရှင်သည် ငါ၏အရှင်အား ဤသို့ဆိုခဲ့၏။


ထို့နောက် ကိုယ်တော်ယေရှုသည် သူကြီးပြင်းရာအရပ်ဖြစ်သော နာဇရက်မြို့သို့ ပြန်လာ၏။ တစ်ခုသော ဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ သွားနေကျအတိုင်း သွားရောက်ပြီး ထိုနေရာတွင် သူသည် ကျမ်းစာဖတ်ရန် မတ်တပ်ရပ်လေ၏။


“ဉာဏ်အလင်းတော်သည် ငါနှင့်အတူ ရှိနေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲသားများအတွက် မင်္ဂလာသတင်းကောင်းကို ဟောကြားရန်အလို့ငှာ ဘုရားရှင်က ငါ့ကို ရွေးကောက်ထားတော်မူ၍ အကျဉ်းကျနေသူများ လွတ်မြောက်ခြင်းရရန်၊ မျက်စိကွယ်သူများ မြင်စေရန်၊ ဒုက္ခဆင်းရဲခံစားနေရသူများကို လွတ်မြောက်ရာသို့ပို့ဆောင်ရန်နှင့်


ထိုသို့ဖတ်ရှုပြီးနောက် ကိုယ်တော်သည် ကျမ်းစာကို လိပ်၍ ဓမ္မာရုံတာဝန်ခံအား လှမ်းပေးပြီးနောက် ထိုင်လိုက်သည့်အချိန်၌ ဓမ္မာရုံရှိ လူအပေါင်းတို့သည်လည်း ကိုယ်တော်ကို အနီးကပ်စောင့်ကြည့်နေကြ၏။


Lean sinn:

Sanasan


Sanasan