Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 3:8 - Musselmani Burmese

8 ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။

Faic an caibideil Dèan lethbhreac




Luke 3:8
29 Iomraidhean Croise  

အိမ်ရှင်သည် ထလာ၍ တံခါးကို ပိတ်လိုက်လျှင် သင်တို့သည် အပြင်ဘက်၌ရပ်၍ ‘ဆရာ၊ တံခါးကို ဖွင့်ပေးပါဦး’ ဟုပြောကြရလိမ့်မည်။ သို့သော်လည်း အိမ်ရှင်က သင်တို့အား ‘သင်တို့ကို ငါမသိ သို့မဟုတ် သင်တို့အဘယ်အရပ်က လာသည်ကို ငါမသိ’ ဟုဆိုလိမ့်မည်။


သင်တို့ကလည်း ‘အကျွန်ုပ်တို့သည် အသင်နှင့်အတူတူ စားသောက်ခဲ့ဖူးပါ၏။ အသင်သည်လည်း အကျွန်ုပ်တို့နေထိုင်ရာမြို့ရွာများ၏လမ်းများပေါ်၌ အကျွန်ုပ်တို့ကို ဟောပြောသွန်သင်ခဲ့ဖူးပါ၏’ ဟုဆိုကြလျှင်လည်း


အကယ်၍ သင်ထိုင်လျှင်မူကား ထိုအရေးကြီးသောသူ ရောက်လာလျှင်မူ သင့်ကိုဖိတ်ကြားသောသူက သင့်အား ‘သင့်နေရာကို ဤသူအား ပေးလိုက်ပါ’ ဟုဆိုလျှင် သင်သည် အရှက်ရလျှက် နောက်ဆုံးနေရာ၌ သွား၍ထိုင်ရပေလိမ့်မည်။


ကိုယ်တော်ကလည်း “သင်တို့အား ငါဆိုသည်ကား အကယ်၍ ဤလူတို့အား မကြွေးကြော်ကြရန် တားမြစ်ပါက ကျောက်ခဲတို့သည် ထ၍ကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူလေ၏။


ကိုယ်တော်က ဇက္ခဲအား “သင်သည်လည်း အာဗြဟံ၏မျိုးဆက်ဖြစ်သည့်အတွက် ယနေ့မှစ၍ သင်နှင့်သင့်မိသားစုအားလုံးကို ဘုရားရှင်ကယ်မတော်မူပြီ။


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် “ဤသူသည် မိမိကိုယ်ကို မည်သူဟုထင်၍ ဤကဲ့သို့သော ဘုရားရှင်ကို စော်ကားသည့်စကားမျိုးကို ဆိုရသနည်း။ သူ့ကိုယ်သူ ဘုရားရှင်ဟုထင်နေသလော။ အကြောင်းမူကား ဘုရားရှင်မှလွဲ၍ အပြစ်များကို ခွင့်လွှတ်နိုင်သူဟူ၍ အဘယ်သူမျှမရှိ” ဟုတွေးတောကြလေ၏။


Lean sinn:

Sanasan


Sanasan