18 ဤကဲ့သို့သောနည်းလမ်းအမျိုးမျိုးဖြင့် ယောဟန်သည် မင်္ဂလာသတင်းကောင်းကို ဟောပြော၍ လူအပေါင်းတို့အား နောင်တသံဝေဂရကြရန် တိုက်တွန်းနှိုးဆော်လေ၏။
လယ်သမားသည် ကောက်တလင်းနယ်သောကောက်ဆွကို သုံး၍ စပါးစေ့နှင့် အဖျင်းကို ခွဲခြားသကဲ့သို့ မေရှိယသည်လည်း နောင်တသံဝေဂရသူများနှင့် အခြားသူများကို ခွဲခြားတော်မူပြီးလျှင် စပါးစေ့ကဲ့သို့သူများကို ကျီထဲ၌ သိမ်းဆည်း၍ အဖျင်းကဲ့သို့သောသူများကို မငြိမ်းနိုင်သောမီးထဲတွင် ထည့်လိမ့်မည်” ဟုဆိုလေ၏။
သို့သော် ဘုရင်ဟေရုဒ်သည် မိမိ၏ညီဖြစ်သူ၏ဇနီး ဟေရောဒိအား သိမ်းပိုက်ခဲ့ခြင်းအကြောင်းနှင့် အခြားသောမကောင်းမှုများစွာတို့ ပြုလုပ်သည်ကို ယောဟန်က ပြစ်တင်ရှုံ့ချခြင်းကြောင့်