46 ထို့နောက် သူတို့အား “ကျမ်းစာ၌ ကယ်တင်ရှင်မေရှိယသည် ဆင်းရဲဒုက္ခတို့ကို ခံစားရပြီးနောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ အသက်ပြန်ရှင်တော်မူလိမ့်မည်။
ထို့နောက် ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ အရိယာသူတော်စင်တို့၏ကျမ်းများနှင့် ဆာလံကျမ်းတို့၌ ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု သင်တို့အား ငါမိန့်ဆိုခဲ့သည့်အကြောင်းအရာတို့သည် ဤအဖြစ်အပျက်များပင်ဖြစ်ကြ၏” ဟုမိန့်တော်မူ၏။
လူ့သားတော်သည် အပြစ်ဒုစရိုက်သမားများလက်သို့ အပ်နှံခံရလိမ့်မည်ဖြစ်ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် တင်၍ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။ သို့သော် သူသည် သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်’ ဟုမိန့်တော်မူခဲ့သည်မဟုတ်လော” ဟုဆိုကြ၏။