40 ထိုသို့ပြောဆိုပြီးနောက် သူ၏လက်နှင့်ခြေထောက်တို့ရှိ ဒဏ်ရာများကို ပြသလေ၏။
ငါ၏လက်၊ ခြေတို့ကို ကြည့်ကြလော့။ ငါ့ကို တို့ထိကြည့်ကြလော့။ တစ္ဆေ၌ အရိုးအသားမရှိ။ ငါ၌မူ သင်တို့မြင်တွေ့ရသည့်အတိုင်းပင် အရိုး၊ အသားများရှိ၏” ဟုမိန့်တော်မူ၏။
တပည့်တော်တို့လည်း လွန်စွာဝမ်းမြောက်ဝမ်းသာဖြင့် မယုံကြည်နိုင်လောက်အောင် အံ့ဩသွားကြ၏။ ထို့နောက် ကိုယ်တော်က သူတို့အား “စားစရာ တစ်ခုခုရှိသလော” ဟုမေးတော်မူ၏။