52 သူသည် ကိုယ်တော်၏အလောင်းကို သင်္ဂြိုဟ်ခွင့်ပြုရန် ပိလတ်ထံမှ တောင်းခံရာ ပိလတ်သည်လည်း ခွင့်ပြုခဲ့လေ၏။
သူသည် ကိုယ်တော်ယေရှုကို သတ်ရန် ကြံစည်ခဲ့ကြသော အခြားလွှတ်တော်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကို သဘောမတူခဲ့ပါ။ ထို့ပြင် ဤကမ္ဘာသို့ ဘုရားရှင်၏သာသနာတော် ရောက်ရှိရန် အထူးမျှော်လင့်နေသူလည်းဖြစ်၏။
ထို့ကြောင့် သူသည် ကိုယ်တော်၏ခန္ဓာကိုယ်အား လက်ဝါးကပ်တိုင်မှ အောက်သို့ချပြီး ကောင်းမွန်သောပိတ်စဖြင့် ပတ်လေ၏။ ထို့နောက် ကျောက်တုံးကြီးတစ်တုံးကို ထွင်းထားသည့် မည်သူ့ကိုမျှမထားရသေးသော သင်္ချိုင်းဂူအသစ်ထဲတွင် ကိုယ်တော်၏ခန္ဓာကိုယ်အား ကောင်းမွန်စွာ ထားလေ၏။