37 သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဆိုပါက မိမိကိုယ်ကို ကယ်တင်လိုက်ပါ” ဟုဆိုကြ၏။
ထို့နောက် လက်ဝါးကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းခံရသော ရာဇဝတ်သားတစ်ဦးက ကိုယ်တော်အား “သင်သည် ကယ်တင်ရှင်မေရှိယဆိုပါက သင့်ကိုယ်သင်ကယ်လိုက်ပြီးနောက် ငါတို့ကိုလည်း ကယ်ပါ” ဟုကဲ့ရဲ့ပြောဆိုလေ၏။