70 ထိုအခါ သူတို့က “ဤသို့ဆိုလျှင် သင်သည် ဘုရားရှင်၏သားတော်လော” ဟုမေးကြသဖြင့် ကိုယ်တော်က “သင်တို့ဆိုသည့်အတိုင်းပင်ဖြစ်၏” ဟုပြန်လည်ဖြေကြားလေ၏။
ထိုအခါ သူတို့ကလည်း “ဤသူကိုယ်တိုင် ထိုသို့ပြောဆိုသည်ကို ငါတို့ကြားကြရပြီဖြစ်၍ အခြားမည်သည့်သက်သေမျှမလိုအပ်တော့ပေ” ဟုဆိုကြလေ၏။
ထိုအခါ ပိလတ်က ကိုယ်တော်အား “သင်သည် ဂျူးတို့၏ဘုရင်ဆိုသည်မှာ ဟုတ်သလော” ဟုမေးသဖြင့် ကိုယ်တော်က “သင်ဆိုသည့်အတိုင်းပင်ဖြစ်၏” ဟုပြန်လည်၍မိန့်တော်မူ၏။
မကောင်းဆိုးဝါးတို့သည်လည်း လူနာများထံမှ ထွက်လာကြပြီး “အသင်သည် ဘုရားရှင်၏သားတော်ဖြစ်တော်မူ၏” ဟုအော်ဟစ်ကြ၏။ ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို ထိုမကောင်းဆိုးဝါးတို့သိကြသောကြောင့် ကိုယ်တော်က သူတို့ကို ဆုံးမ၍ စကားပြောဆိုခွင့်ပေးတော်မမူ။