6 ယုဒလည်း သဘောတူသဖြင့် လူစုလူဝေး မရှိသောအချိန်တွင် ကိုယ်တော်ယေရှုကို ဖမ်းဆီးရန် အခွင့်အခါကောင်းကို စောင့်နေလေတော့၏။
ထိုသူတို့သည်လည်း ဝမ်းမြောက်ကြ၍ ယုဒအား ငွေပေးရန် သဘောတူလိုက်လေ၏။
ထို့နောက် တဆေးမဲ့မုန့်ပွဲတော်တည်းဟူသော ပသခါပွဲတော်အတွက် သိုးသူငယ်ကို ပူဇော်ရသောနေ့သို့ ရောက်လာ၏။