15 ထို့နောက် ကိုယ်တော်က သူတို့အား “ငါဒုက္ခဝေဒနာမခံရမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားသုံးရန် ငါအလွန်အလိုရှိ၏။
သို့သော် မကြာမီတွင် ငါသည် ပြင်းထန်သည့်ဒုက္ခဝေဒနာနှင့် နှစ်ခြင်းမင်္ဂလာတစ်ခုကို ခံယူရဦးမည်။ ထိုအရာမပြီးဆုံးခင်အချိန်ထိ ငါသည် စိတ်ဖိစီးမှုကို ပြင်းထန်စွာခံစားနေရဦးမည်ဖြစ်သည်။
ပသခါပွဲတော်စားရန် အချိန်ကျလာသောအခါ ကိုယ်တော်သည် သာဝကများနှင့်အတူ စားပွဲဝိုင်းတွင် ထိုင်လေ၏။
သင်တို့အား ငါဆိုသည်ကား ဘုရားရှင်သည် နောက်ဆုံးသောအချိန်၌ နေရာတိုင်း၊ လူတိုင်းကို အုပ်စိုးမည့်အချိန် မရောက်မီအထိ ငါကိုယ်တော်သည် နောက်ထပ် ပသခါပွဲတော်ကို စားသုံးတော့မည်မဟုတ်” ဟုမိန့်တော်မူ၏။