9 သင်တို့သည် စစ်ပွဲသတင်းများနှင့် တော်လှန်ပုန်ကန်သည့် သတင်းများ ကြားရသည့်အခါ မကြောက်ကြပါနှင့်၊ ဤအရာတို့သည် ဦးစွာဖြစ်ပျက်ရမည်ဖြစ်၏၊ သို့သော် ဤသည်မှာ အဆုံးသတ်မဟုတ်သေး။
လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။
ထို့ကြောင့် ဤကဲ့သို့ဆိုးရွားသောနိမိတ်လက္ခဏာများ စတင်ဖြစ်ပေါ်လာသည့်အချိန်၌ သင်တို့သည် သံသရာဝဋ်ဆင်းရဲမှနေ၍ လွတ်မြောက်စေခြင်းကို ရတော့မည်ဖြစ်သဖြင့် မားမားမတ်မတ်ရပ်၍ ခေါင်းကို မော့ထားကြလော့” ဟုမိန့်တော်မူ၏။
ကိုယ်တော်က “သူတစ်ပါး၏လှည့်ဖြားမှုကို မခံရစေရန် သတိပြုကြလော့။ လူအများသည် ငါ၏အယောင်ဆောင်၍ ‘ကျွန်ုပ်သည် ခရစ်တော်ဖြစ်၏’ ဟူ၍လည်းကောင်း၊ ‘အချိန်ကျလာပြီ’ ဟူ၍လည်းကောင်း ပြောဆိုကြလိမ့်မည်။ ထိုသူတို့ကို မယုံကြည်ကြနှင့်။