17 ငါ့ကိုယုံကြည်၍ ငါ့နောက်သို့ လိုက်သည့်အတွက်ကြောင့် လူများစွာတို့က သင်တို့ကို မုန်းတီးကြလိမ့်မည်။
သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေများ ကိုယ်တိုင်ပင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့အနက် အချို့ကို သတ်ပစ်ကြလိမ့်မည်။
သို့ရာတွင် သင်တို့ဦးခေါင်းထက်မှ ဆံချည်တစ်မျှင်မျှပင် ပျက်စီးရမည်မဟုတ်။
လူ့သားတော်ကြောင့် သင်တို့ကို မုန်းတီးသောအခါ၌လည်းကောင်း၊ ပစ်ပယ်ခံရသောအခါ၌လည်းကောင်း၊ စော်ကားပြောဆိုခံရပြီး ရိုင်းစိုင်းစွာပြောဆိုခြင်း ခံရလျှင်လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။