16 သင်တို့၏မိဘ၊ ညီအစ်ကို၊ ဆွေမျိုး၊ မိတ်ဆွေများ ကိုယ်တိုင်ပင် သင်တို့ကို သစ္စာဖောက်ကြလိမ့်မည်။ သင်တို့အနက် အချို့ကို သတ်ပစ်ကြလိမ့်မည်။
ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမနှင့်ချွေးမတို့ကြား အချင်းချင်းစိတ်ဝမ်းကွဲကြလိမ့်မည်” ဟုမိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဆန့်ကျင်သူများ မည်သူမျှ သင်တို့မှားယွင်းသည်ဟု မငြင်းခုံမဟန့်တားနိုင်သော စကားပြောစွမ်းရည်နှင့် ဉာဏ်ပညာအား သင်တို့ကို ငါပေးမည်။
ငါ့ကိုယုံကြည်၍ ငါ့နောက်သို့ လိုက်သည့်အတွက်ကြောင့် လူများစွာတို့က သင်တို့ကို မုန်းတီးကြလိမ့်မည်။