42 ဆာလံကျမ်း၌ ဘုရင်ဒါဝိဒ်ကိုယ်တိုင်က ‘ဘုရားရှင်သည် ငါ၏အရှင်အား ဤသို့ဆိုခဲ့၏။
“သင်၏ရန်သူများအား သင်၏ခြေဖဝါးအောက်၌ ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့” ဟူ၍ဖြစ်၏’ ဟုဖော်ပြထား၏။
ထို့နောက် ကိုယ်တော်က “မောရှေ၏ပညတ်ကျမ်း၊ အရိယာသူတော်စင်တို့၏ကျမ်းများနှင့် ဆာလံကျမ်းတို့၌ ငါ၏အကြောင်းကို ဖော်ပြထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု သင်တို့အား ငါမိန့်ဆိုခဲ့သည့်အကြောင်းအရာတို့သည် ဤအဖြစ်အပျက်များပင်ဖြစ်ကြ၏” ဟုမိန့်တော်မူ၏။