35 သို့သော် အနာဂတ်ကာလ၌ ဘုရားရှင်က အသက်ပြန်ရှင်ခွင့်ရဖို့ရန် ထိုက်တန်သောသူများဟု သတ်မှတ်သောသူတို့၌မူ တစ်ဦးနှင့်တစ်ဦး လက်ထပ်ထိမ်းမြားခြင်း ရှိတော့မည်မဟုတ်။
ထိုအခါ သူဌေးသည် မရိုးဖြောင့်သောဘဏ္ဍာစိုး၏မိမိကိုယ်ကျိုးအတွက် ပါးနပ်သောလုပ်ဆောင်မှုအတွက် ချီးမွမ်းလေ၏။ ထိုနည်းတူပင် ဘုရားရှင်အား နာခံသောသူတို့ထက် ဘုရားရှင်ကို မနာခံသောလူတို့သည် သူတို့ကဲ့သို့သောအခြားသူများနှင့် ဆက်ဆံရာ၌ သာ၍ပါးပါးနပ်နပ်ရှိကြလေ၏” ဟုမိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည်လည်း ဖြစ်ပေါ်လာမည့်အရာတို့ထံမှ လွတ်မြောက်၍ လူ့သားတော်ရှေ့မှောက်၌ မားမားမတ်မတ်ရပ်နိုင်ဖို့ရန်အတွက် အချိန်ရှိသရွေ့ ဆက်လက်ဆုတောင်းနေကြလော့” ဟုမိန့်တော်မူ၏။