29 ဤသို့ဆိုလျှင် ညီအစ်ကို ခုနှစ်ဦးရှိသောမိသားစုတစ်စု၌ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ကျကာ သားသမီးထွန်းကားခြင်းမရှိဘဲ သေဆုံးသွားခဲ့၏။
“ဆရာ၊ မောရှေပညတ်ကျမ်းတွင် ‘ဇနီးမယားရှိသောသူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ကျန်ရစ်သူမုဆိုးမသည် သားသမီးရစေရန်အတွက် သေဆုံးသူ၏ညီဖြစ်သူကို လက်ထပ်ထိမ်းမြားရ၏။ ထိုသူနှစ်ဦး၏အဦးဆုံးသားကိုလည်း သေဆုံးသူအစ်ကို၏သားအဖြစ် သတ်မှတ်ရမည်’ ဟုဖော်ပြထားပါ၏။
ထို့ကြောင့် ဒုတိယအကြီးဆုံးသည် ကျန်ရစ်သူမုဆိုးမကို လက်ထပ်ယူသော်လည်း သူသည်လည်း သားသမီးထွန်းကားခြင်းမရှိဘဲ သေဆုံးသွားခဲ့လေ၏။