14 သို့သော်လည်း လူငှားတို့သည် ပိုင်ရှင်၏သားကို မြင်သောအခါ ‘အမွေဆက်ခံမည့်သူ လာလေပြီ။ သူ့ကို သတ်ပစ်ကြစို့’ ဟုအချင်းချင်းဆွေးနွေးတိုင်ပင်ကြပြီးနောက်
ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်တွင် နေ့စဉ်နေ့တိုင်း ဟောပြောသွန်သင်လျှက်နေတော်မူ၏။ ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် ဂျူးလူမျိုးအကြီးအကဲများသည် ကိုယ်တော့်ကို သတ်ရန် ကြိုးပမ်းနေကြသော်လည်း
ထိုအခါ ပိုင်ရှင်က ‘ငါမည်သို့ပြုရမည်နည်း။ ဤလူငှားတို့သည် ငါ၏သားကိုမြင်လျှင်တော့ ရိုသေလေးစားကြပေလိမ့်မည်။ ထို့ကြောင့် ငါ၏ချစ်သားကို စေလွှတ်လိုက်မည်’ ဟုတစ်ကိုယ်တည်းရေရွတ်၍ မိမိ၏သားဖြစ်သူကို ထိုခြံသို့ စေလွှတ်လိုက်၏။
လူငှားတို့သည် ပိုင်ရှင်၏သားကို စပျစ်ခြံအပြင်ဘက်သို့ဆွဲထုတ်ကာ သတ်ပစ်လိုက်ကြ၏။ ဤသို့ဆိုလျှင် ပိုင်ရှင်သည် လူငှားတို့အား မည်သို့ဆက်လက်၍ ပြုမည်နည်း။
ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများက ကိုယ်တော်သည် သူတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို မိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော့်ကို ဖမ်းဆီးလိုကြသော်လည်း သူတို့သည် လူထုပရိသတ်ကို ကြောက်ရွံ့နေခဲ့ကြ၏။
ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးကြကာ “အကယ်၍ ဘုရားရှင်၏အခွင့်အာဏာဟု ငါတို့ဖြေပါက ယေရှုက ‘သို့ဖြစ်လျှင် သင်တို့ အဘယ်ကြောင့် ယောဟန်ကို မယုံကြည်ကြသနည်း’ ဟုဆိုလိမ့်မည်။
ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် လူထုကို ကြောက်ရွံ့ကြသည်ဖြစ်၍ ကိုယ်တော်ယေရှုကို မည်ကဲ့သို့သော အကြောင်းရှာ၍ တိတ်တဆိတ်သတ်ရမည့်နည်းလမ်းကို ရှာဖွေနေကြ၏။