33 မာရိနှင့် ယောသပ်တို့သည်လည်း ရှုမောင်ပြောပြသည့် ကလေးငယ်ယေရှု၏အကြောင်းကို ကြားကြရသဖြင့် အံဩနေကြလေ၏။
သိုးကျောင်းသားများ ပြောပြသည့် အကြောင်းအရာများကို ကြားကြရသော လူအပေါင်းတို့သည်လည်း အံ့ဩကြကုန်၏။
မာရိနှင့် ယောသပ်တို့သည်လည်း ကလေးငယ်ယေရှုအား တွေ့သောအခါ အံ့ဩကြလျှက် မာရိက “သား၊ ငါတို့အပေါ် အဘယ်ကြောင့် ဤသို့ပြုရသနည်း။ ငါတို့သည် စိုးရိမ်ပူပန်စွာဖြင့် သင့်ကိုရှာဖွေခဲ့ရ၏” ဟုဆိုလေ၏။
ထိုအခါ ထိုသူတို့သည် လူပရိသတ်များရှေ့တွင် ကိုယ်တော်ကို အမှားရှာ၍ မရသည့်အပြင် ကိုယ်တော်၏ဖြေကြားပုံကိုလည်း အံ့ဩမင်သက်လျှက် တိတ်ဆိတ်သွားကြ၏။
လူအပေါင်းတို့သည်လည်း ဘုရားရှင်၏တန်ခိုးတော်ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံး ဖြစ်နေလေ၏။ ကိုယ်တော် ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့ အံ့ဩနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား