14 “ရွှေမြို့တော်၌ ရှိတော်မူသော ဘုရားရှင်ကို ဘုန်းကြီးတော်မူစေသတည်း။ ဤကမ္ဘာမြေပေါ်ရှိ ဘုရားရှင်အား ဆည်းကပ်သော လူအားလုံးအပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း” ဟုဆိုကြလေ၏။
သေမင်း၏အရိပ်တွင်နေထိုင်သူများအပေါ် ထွန်းလင်းစေတော်မူလိမ့်မည်။ ထို့အပြင် ငါတို့အားငြိမ်းချမ်းရေးလမ်းသို့လည်း ပို့ဆောင်စေတော်မူလိမ့်မည်” ဟု “ဝဟီ” ဗျာဒိတ်တော်အားဖြင့် ဟောပြောလေ၏။
“ဘုရားရှင်၏နာမတော်ဖြင့် ကြွရောက်လာသည့် ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏။ ရွှေမြို့တော်၌ ငြိမ်းချမ်းခြင်းရှိ၍ ဘုရားရှင်၏ဘုန်းတန်ခိုးတော် ထွန်းလင်းပါစေသော်” ဟုကြွေးကြော်ကြလေ၏။
ထိုချက်ချင်းတွင် ထိုနတ်ဒေဝါနှင့်အတူ ရွှေမြို့တော်မှ နတ်ဒေဝါများစွာတို့သည်လည်း ပေါ်လာ၍ ဘုရားရှင်ကို ချီးမွမ်းကာ
ထို့နောက် နတ်ဒေဝါတို့ ရွှေမြို့တော်သို့ ပြန်သွားပြီးနောက် သိုးကျောင်းသားတို့သည် “ငါတို့အား ဘုရားရှင်ဟောကြားတော်မူသောအရာကိုကြည့်ရှုရန် ဗက်လင်မြို့သို့ သွားကြအံ့” ဟုအချင်းချင်းပြောဆိုကြလေ၏။
ဉာဏ်အလင်းတော်သည် ချိုးငှက်အသွင်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်လာလေသည်။ ကောင်းကင်မှအသံတော်သည်လည်း “သင်သည် ငါချစ်မြတ်နိုးတော်မူသော ငါ၏သားဖြစ်သည်။ ငါသည် သင့်အား လွန်စွာနှစ်သက်အားရတော်မူ၏” ဟူ၍ထွက်ပေါ်လေ၏။