42 “အို ဂျေရုဆလင်မြို့သားတို့၊ မည်သည့်အရာက ငြိမ်းချမ်းခြင်းကိုဆောင်ယူလာသည်ကို သင်တို့ မသိကြခြင်းသည် အလွန်ဆိုးရွားလှ၏။ သို့သော် ယခုအချိန်၌ ထိုအရာကို သင်တို့မျက်စိရှေ့၌ပင် ကွယ်ဝှက်ထားခြင်းခံရပြီ။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်၍ မြို့ကို မြင်သောအခါ မျက်ရည်ကျတော်မူလျှက်
သင်တို့၏ရန်သူများသည် သင်တို့ပတ်လည်၌ အတားအဆီးကို တည်ဆောက်၍ သင်တို့ကို ဝန်းရံကာ အရပ်မျက်နှာအလုံးစုံမှ သင်တို့အား တိုက်ခိုက်ကြမည့်နေ့ရက်များ ရောက်လာတော့မည်။
ထိုသူတို့သည် သင်တို့အားလုံးကို သတ်ဖြတ်၍ ဤမြို့မှကျောက်တုံးတစ်တုံးပေါ် အခြားတစ်တုံးဆင့်၍မျှ မကျန်ရအောင် ဖြိုချဖျက်ဆီးကြလိမ့်မည်။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်က ကယ်တင်ရန်ကြွရောက်လာခြင်းကို မသိနားမလည်ကြသောကြောင့်ဖြစ်၏” ဟုမိန့်တော်မူ၏။