38 “ဘုရားရှင်၏နာမတော်ဖြင့် ကြွရောက်လာသည့် ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏။ ရွှေမြို့တော်၌ ငြိမ်းချမ်းခြင်းရှိ၍ ဘုရားရှင်၏ဘုန်းတန်ခိုးတော် ထွန်းလင်းပါစေသော်” ဟုကြွေးကြော်ကြလေ၏။
ကြည့်ရှုလော့၊ သင်တို့၏ဗိမာန်တော်သည် စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သင်တို့အား ငါဆိုသည်ကား ‘ဘုရားရှင်၏အခွင့်အာဏာဖြင့် ကြွလာသောသူသည် မင်္ဂလာရှိပါစေသတည်း’ ဟုသင်တို့ပြောသည့်အချိန်မရောက်မီတိုင်အောင် သင်တို့သည် ငါ့ကိုနောက်တစ်ကြိမ်မြင်ရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူ၏။