20 နောက်ထပ်အစေခံတစ်ဦးမှာမူ ‘အကျွန်ုပ်သည် အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို ပဝါနှင့်ထုပ်၍ သိမ်းဆည်းထားပါ၏။ ဤမှာကြည့်ပါလော့။
ထို့နောက် သူသည် ဘုရင်အဖြစ်တင်မြှောက်ခြင်းကို ခံယူပြီးနောက် ပြန်လာရန်အတွက် ဧကရာဇ်နေထိုင်သောဝေးလံသည့်တိုင်းပြည်သို့ သွားရောက်လေ၏။
ဘုရင်က ‘ကောင်းလေစွ။ သင်သည်ကား မြို့ငါးမြို့ကို အပိုင်စားစေ’ ဟုဆိုလေ၏။
အရှင်မင်းကြီးသည် မိမိမပိုင်သောအရာကို အခြားသူများထံမှ သိမ်းယူတတ်၍ မိမိမစိုက်ပျိုးသည့် သူတစ်ပါး၏စိုက်ခင်းကိုလည်း ရိပ်သိမ်းတတ်ပြီး ခက်ထန်သောသူဖြစ်သည့်အတွက် အကျွန်ုပ် ကြောက်ရွံ့သဖြင့် ဤသို့ပြုရခြင်းဖြစ်ပါ၏’ ဟုလျှောက်တင်လေ၏။
ယခုအချိန်မှာပင် ဘုရားရှင်သည် နောင်တသံဝေဂမရသောသူများကို ပြစ်တင်ရှုံ့ချပြီး ပြင်းထန်စွာအပြစ်ဒဏ်ပေးဖို့ အသင့်ရှိနေ၏။ ထို့ကြောင့် နောင်တသံဝေဂမရကြဘဲ ကောင်းသောအမှုအရာများကို မပြုလုပ်သူတို့သည် ဘုရားရှင်၏ပြစ်တင်ရှုံ့ချမှုကို ခံရပြီး မီးထဲကို ပစ်ချခံရလိမ့်မည်” ဟုဆိုလေ၏။
ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ငါ့စကားကို နားမထောင်ဘဲ အဘယ်ကြောင့် ငါ့အား ‘အရှင်၊’ ‘အရှင်’ ဟုခေါ်နေကြသနည်း။