16 ထို့နောက် ပထမအစေခံသည် လာ၍ ‘အရှင်မင်းကြီးပေးခဲ့သည့် ငွေတစ်မိနာ့ကို အကျွန်ုပ်ဆယ်ဆမျှတိုးပွားအောင် ဆောင်ရွက်ထားပါ၏’ ဟုလျှောက်တင်သဖြင့်
ထို့နောက် သူသည် ဘုရင်အဖြစ်တင်မြှောက်ခြင်းကို ခံယူပြီးနောက် ပြန်လာရန်အတွက် ဧကရာဇ်နေထိုင်သောဝေးလံသည့်တိုင်းပြည်သို့ သွားရောက်လေ၏။
သို့သော်လည်း ထိုတော်ဝင်မင်းသားသည် ဘုရင်အဖြစ် တင်မြှောက်ခြင်းကိုခံရ၍ သူ၏တိုင်းပြည်သို့ ဘုရင်အသစ်တစ်ပါးအနေဖြင့် ပြန်ရောက်လာလေ၏။ ထို့နောက် ထိုဘုရင်က သူငွေပေးထားခဲ့သည့်အစေခံတို့ စီးပွားရှာ၍ အမြတ်မည်မျှရသည်ကို သိလိုသဖြင့် ထိုသူတို့အား ခေါ်စေလေ၏။
ဘုရင်ကလည်း ‘ကောင်းလေစွ။ သင်သည် ပမာဏအနည်းငယ်နှင့်ပင် သစ္စာစောင့်သိသောအစေခံကောင်းဖြစ်သဖြင့် မြို့ဆယ်မြို့ကို အပိုင်စားစေ’ ဟုဆိုလေ၏။