Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 18:9 - Musselmani Burmese

9 ထို့နောက် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ယူဆတတ်ပြီး အခြားသူများကို နှိမ်ချတတ်သူတို့အား ကိုယ်တော်က ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား

Faic an caibideil Dèan lethbhreac




Luke 18:9
22 Iomraidhean Croise  

သို့သော် ကျမ်းတတ်ဆရာက မိမိကိုယ်မိမိ ဖြောင့်မတ်ကြောင်းကို ဖော်ပြလို၍ ကိုယ်တော်အား “ဤသို့ဆိုလျှင် အကျွန်ုပ်တို့၏အိမ်နီးချင်းဟူသည် မည်သူကိုဆိုလိုပါသနည်း” ဟုမေးလျှောက်သဖြင့်


ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဤသူသည် အပြစ်ဒုစရိုက်သမားများနှင့် မိတ်ဆွေဖွဲ့နေရုံမျှမက ထိုသူတို့နှင့်အတူတူပင် စားသောက်နေပါသည်တကား” ဟုပြစ်တင်ဝေဖန်ကြ၏။


သို့သော် ကိုယ်တော်က သူတို့အား “သင်တို့သည် လူတို့ရှေ့၌ မိမိကိုယ်ကိုဖြောင့်မတ်သည့်သူများကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သို့သော် ဘုရားရှင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူတို့အမြတ်တနိုးတန်ဖိုးထားနေကြသည့် လောကီစည်းစိမ်တို့သည် ဘုရားရှင်အတွက်မူ မနှစ်မြို့ဖွယ်ရာများပင်ဖြစ်၏။


ထို့နောက် ဖာရိရှဲသည် တစ်ကိုယ်တည်းရပ်လျှက် ‘အို ဘုရားရှင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယူတတ်သောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမရှိသောသူဖြစ်သည့်အပြင် ဤအခွန်ကောက်သူကဲ့သို့လည်း မဟုတ်သည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါ၏။


ထိုအခြင်းအရာကို မြင်သောသူအပေါင်းတို့က “ကိုယ်တော်သည် အပြစ်ဒုစရိုက်သမား၏အိမ်ကို သွား၍ သူနှင့်အတူ စားသောက်ဦးမည်တကား” ဟူ၍ ကဲ့ရဲ့ပြစ်တင်ကြလေ၏။


ထိုအခါ ကိုယ်တော်ကိုပင့်ဖိတ်သောဖာရိရှဲသည် မြင်သဖြင့် “ဤသူသည် အရိယာသူတော်စင်မှန်ပါက သူ့ကိုတို့ထိနေသူ အမျိုးသမီးသည် မည်သို့သောမိန်းမမျိုး ဖြစ်သည်ကို သိသင့်သည်။ အကြောင်းမူကား ဤအမျိုးသမီးသည် အပြစ်များသောသူဖြစ်၏” ဟုမိမိစိတ်ထဲ၌ တွေးတောလေ၏။


Lean sinn:

Sanasan


Sanasan