Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 18:39 - Musselmani Burmese

39 ထိုအခါ ကိုယ်တော်နှင့်အတူသွားနေကြသော သူတို့သည် ထိုသူအား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် ထိုမျက်မမြင်က “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ” ဟုပိုမိုကျယ်လောင်စွာ ဟစ်အော်လေ၏။

Faic an caibideil Dèan lethbhreac




Luke 18:39
16 Iomraidhean Croise  

အို ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဘုရားရှင်နှင့်သက်ဆိုင်သည့် အသိပညာဘဏ်တိုက်၏တံခါးသော့ကို သိမ်းယူ၍ ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း တားဆီးကြ၏” ဟုမိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အမြဲတမ်း ဆုတောင်းရမည့်အကြောင်းကို ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား


ထို့နောက် အချို့သောလူတို့သည် မိမိတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်တော်ဖြင့် တို့ထိ၍ ကောင်းကြီးပေးစေရန် အထံတော်သို့ ခေါ်ဆောင်လာကြသည်ကို တပည့်တော်များမြင်လျှင် ကိုယ်တော်အား နှောက်ယှက်ခြင်းမပြုရန် ထိုသူတို့ကို တားမြစ်လေ၏။


ထိုသူသည် ကျယ်လောင်သောအသံဖြင့် “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်ကို သနားတော်မူပါ” ဟုဟစ်အော်လေ၏။


ထိုအခါ ကိုယ်တော်က ရပ်တန့်လိုက်ပြီး ထိုသူအား မိမိထံသို့ခေါ်လာရန် လူအချို့ကို အမိန့်ပေးတော်မူ၏။ အထံတော်သို့ ထိုမျက်မမြင်ရောက်လာသောအခါ


ထိုအခါ လူအုပ်ထဲမှ ဖာရိရှဲအချို့သည် ကိုယ်တော်အား “ဆရာ၊ ဆရာ၏တပည့်များအား ဤသို့အော်ဟစ်နေခြင်းမပြုရန် ဆုံးမပေးပါလော့” ဟုဆိုကြလေ၏။


ယ်တော် ထိုသို့မိန့်ကြားနေစဉ် ဓမ္မာရုံတာဝန်ခံယာဣရု၏အိမ်မှ လူတစ်ဦးရောက်လာပြီးလျှင် ယာဣရုအား “သင်၏သမီးသေဆုံးသွားပြီဖြစ်လို့ ကိုယ်တော့်ကို ဆက်လက်၍ မနှောင့်ယှက်ပါတော့နှင့်” ဟုလာရောက်ပြောကြားလေ၏။


Lean sinn:

Sanasan


Sanasan