32 လူ့သားတော်ကို လူမျိုးခြားတို့လက်သို့ အပ်နှံကြလိမ့်မည်။ လှောင်ပြောင်ကြလိမ့်မည်။ အကြမ်းဖက်ကြလိမ့်မည်။ တံတွေးနှင့်ထွေးကြလိမ့်မည်။
ထို့နောက် ရိုက်နှက်ကြကာ အသေသတ်ကြလိမ့်မည်။ သို့သော် လူ့သားတော်သည် သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
ထို့နောက် တရားလွှတ်တော်၌စုဝေးသော လူအပေါင်းတို့သည် ကိုယ်တော်ယေရှုကို ရောမဘုရင်ခံပိလတ်ထံသို့ ခေါ်ဆောင်သွားကြပြီးလျှင်
ဟေရုဒ်နှင့် သူ၏ရဲမက်များသည် ကိုယ်တော်အား လှောင်ပြောင်ကာ ပြက်ရယ်ပြု၍ ကိုယ်တော်အား တန်ဖိုးကြီးသောဝတ်ရုံကို ဝတ်ဆင်စေလျှက် ပိလတ်ဘုရင်ခံထံသို့ ပြန်ပို့လိုက်ကြ၏။
လူတို့သည်လည်း မတ်တပ်ရပ်၍ ကြည့်နေကြစဉ် အကြီးအကဲတို့သည် ကိုယ်တော်ယေရှုအား လှောင်ပြောင်လျှက် “ဤသူသည် အခြားသူတို့ကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားရှင်ရွေးချယ်ထားတော်မူသည့် မေရှိယမှန်လျှင် သူ့ကိုယ်သူကယ်တင်ပါစေ” ဟုပြောဆိုကြ၏။