6 ကိုယ်တော်ကလည်း “သင်တို့၌ သေးငယ်လှစွာသောမုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိလျှင်ပင် ဤပိုးစာပင်အား အမြစ်မှကျွတ်ထွက်၍ ပင်လယ်ထဲ၌ပေါက်စေဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့ကိုနာခံလိမ့်မည်။
၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ ဥယျာဉ်ထဲ၌စိုက်ပျိုးသောအခါ ထိုအစေ့သည် အကိုင်းအခက်များပြည့်စုံသည့်အပင်ကြီး ဖြစ်လာကာ မိုးကောင်းကင်မှ ငှက်တို့သည်လည်း အသိုက်ဖွဲ့၍နေထိုင်နိုင်ကြ၏” ဟုမိန့်တော်မူ၏။
သင်၏အစေခံသည် လယ်ထွန်၊ သိုးကျောင်းပြီး ပြန်လာသည့်အခါ၌ သင်သည် သူ့အား ‘ကြိုဆိုပါ၏၊ အိမ်ထဲဝင်၍ စားသောက်ပါလော့’ ဟုဆိုမည်လော။
ထို့ကြောင့် သူသည် ကိုယ်တော်အား တွေ့မြင်နိုင်ရန် ရှေ့သို့ကြိုပြေး၍ သဖန်းပင်တစ်ပင်ပေါ်တွင် တက်နေလေ၏။
ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။
ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။