21 ဤအရပ်၌ကြည့်လော့။ ထိုအရပ်၌ကြည့်လော့ ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားရှင်၏သာသနာတော်သည် သင်တို့အတွင်း၌ရှိ၏” ဟုမိန့်တော်မူ၏။
လူတို့က သင်တို့အား ‘ထိုအရပ်၌ ရှိ၏၊ သို့မဟုတ် ဤအရပ်၌ရှိ၏’ ဟုဆိုကြလျှင်လည်း လိုက်မသွားကြနှင့်။
ကိုယ်တော်က “သူတစ်ပါး၏လှည့်ဖြားမှုကို မခံရစေရန် သတိပြုကြလော့။ လူအများသည် ငါ၏အယောင်ဆောင်၍ ‘ကျွန်ုပ်သည် ခရစ်တော်ဖြစ်၏’ ဟူ၍လည်းကောင်း၊ ‘အချိန်ကျလာပြီ’ ဟူ၍လည်းကောင်း ပြောဆိုကြလိမ့်မည်။ ထိုသူတို့ကို မယုံကြည်ကြနှင့်။