26 ထိုမျှမက သင်နှင့် ငါတို့အကြားတွင် အလွန်နက်သောချောက်ကြီးတစ်ခုခြားထားသဖြင့် မည်သူမျှ ဖြတ်၍ကူးလာနိုင်မည်မဟုတ်’ ဟုဆိုလေ၏။
ငါဆိုသည်ကား သင်သည်လည်း အကျဉ်းထောင်မှမထွက်မီ သင်ပေးချေရမည့်အရာဟူသမျှကို ပေးချေရလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါက အကောင်းဆုံးသောအရာတို့ကို ရရှိခဲ့၍ လာဇရုသည်ကား မကောင်းသောအရာတို့ကိုသာ ရရှိခဲ့ကြောင်းကို သတိရလော့။ ယခုမူကား လာဇရုသည် ဤနေရာ၌ သက်တောင့်သက်သာနေရ၍ သင်သည်ကား ဒုက္ခဝေဒနာကို ခံစားရ၏။
သူဌေးကလည်း ‘အဖအာဗြဟံ၊ ဤသို့ဆိုလျှင် လာဇရုကို အကျွန်ုပ်၏ဖခင်အိမ်သို့ စေလွှတ်၍