Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 16:2 - Musselmani Burmese

2 ဘဏ္ဍာစိုးကို ခေါ်လိုက်ပြီး ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးနေရာ၌ ဆက်၍ မထားနိုင်တော့သောကြောင့် သင်၏စာရင်းဇယားများအားလုံးကို တင်ပြလော့’ ဟုဆိုလေ၏။

Faic an caibideil Dèan lethbhreac




Luke 16:2
23 Iomraidhean Croise  

သို့သော် ဘုရားရှင်က ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင်သည်သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာတို့သည် အခြားလူထံသို့ရောက်သွားမည်ဖြစ်၏’ ဟုမိန့်တော်မူ၏။


ကိုယ်တော်ကလည်း “ငါသည် သခင်၏အိမ်၌ ဘဏ္ဍာစိုးအဖြစ် စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဉာဏ်ပညာနှင့်ပြည့်စုံ၍ သစ္စာရှိသည့်အစေအပါးကဲ့သို့သော လူတိုင်းအတွက် ဤသို့မိန့်ဆိုခြင်းဖြစ်၏။ သခင်သည်ခရီးဝေးသို့ ထွက်ခွာသောအချိန်၌ အခြားသောအစေခံများအား အချိန်တန်လျှင် အစားအစာများ ကျွေးမွေးဖို့ရန် ထိုအစေအပါးကို တာဝန်ပေး၍ ခန့်အပ်ထားလေ၏။


ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား ဆက်လက်၍ မိန့်တော်မူသည်မှာ “တစ်ခါက သူဌေးတစ်ဦးသည် သူ၏လုပ်ငန်းတို့ကို စီမံခန့်ခွဲဖို့ရန် ဘဏ္ဍာစိုးတစ်ယောက်ကို ခန့်အပ်ထားလေ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကို အလွဲသုံးစားပြုနေကြောင်း သူဌေးသည် ကြားသိရသဖြင့်


ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့ကို ဘဏ္ဍာစိုးအလုပ်မှ ဖယ်ရှားလေပြီ။ ငါသည် မြေတူးသမားအဖြစ် အလုပ်ကြမ်းလုပ်ရန်လည်း အားအင်မရှိ။ တောင်းစားရန်လည်း ရှက်၏။


Lean sinn:

Sanasan


Sanasan