Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 16:15 - Musselmani Burmese

15 သို့သော် ကိုယ်တော်က သူတို့အား “သင်တို့သည် လူတို့ရှေ့၌ မိမိကိုယ်ကိုဖြောင့်မတ်သည့်သူများကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သို့သော် ဘုရားရှင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူတို့အမြတ်တနိုးတန်ဖိုးထားနေကြသည့် လောကီစည်းစိမ်တို့သည် ဘုရားရှင်အတွက်မူ မနှစ်မြို့ဖွယ်ရာများပင်ဖြစ်၏။

Faic an caibideil Dèan lethbhreac




Luke 16:15
40 Iomraidhean Croise  

သို့သော် ကျမ်းတတ်ဆရာက မိမိကိုယ်မိမိ ဖြောင့်မတ်ကြောင်းကို ဖော်ပြလို၍ ကိုယ်တော်အား “ဤသို့ဆိုလျှင် အကျွန်ုပ်တို့၏အိမ်နီးချင်းဟူသည် မည်သူကိုဆိုလိုပါသနည်း” ဟုမေးလျှောက်သဖြင့်


ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့ ဖာရိရှဲများသည် ပန်းကန်ခွက်ယောက်တို့၏အပြင်ဘက်ကိုသာ ဆေးကြောသန့်စင်ကြ၍ သင်တို့အတွင်းစိတ်များမှာမူကား လောဘတရားတို့နှင့် ညစ်ပေဆိုးညစ်နေကြ၏။


ထို့နောက် ဖာရိရှဲသည် တစ်ကိုယ်တည်းရပ်လျှက် ‘အို ဘုရားရှင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယူတတ်သောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းမရှိသောသူဖြစ်သည့်အပြင် ဤအခွန်ကောက်သူကဲ့သို့လည်း မဟုတ်သည့်အတွက် ဘုရားရှင်ကို ကျေးဇူးတင်ပါ၏။


သင်တို့အား ငါဆိုသည်ကား ထိုသူနှစ်ဦး မိမိတို့အိမ်သို့ ပြန်ရောက်ကြလျှင် ဘုရားရှင်၏ခွင့်လွှတ်မှုကို ရရှိသည့်သူသည် ဖာရှိရှဲမဟုတ်ဘဲ အခွန်ကောက်သူသာဖြစ်၏။ အကြောင်းမူကား မိမိကိုယ်ကို အထင်ကြီးဘဝင်မြင့်သူသည် နှိမ်ချမှုကို ခံရလျှက် မိမိကိုယ်ကို နှိမ့်ချသောသူသည် ချီးမြှောက်မှုကိုခံရလိမ့်မည်” ဟုမိန့်တော်မူ၏။


ထိုသူကလည်း “အကျွန်ုပ်သည် ငယ်စဉ်ကပင် ဤပညတ်တော်အားလုံးကို လိုက်နာကျင့်သုံးသောသူဖြစ်ပါ၏” ဟုလျှောက်တင်လေ၏။


ထို့နောက် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ယူဆတတ်ပြီး အခြားသူများကို နှိမ်ချတတ်သူတို့အား ကိုယ်တော်က ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား


ထို့ကြောင့် ကျမ်းတတ်ဆရာများနှင့် ပုရောဟိတ်အကြီးအကဲတို့သည် ကိုယ်တော်ကို စောင့်ကြည့်လျှက် စကားတို့တွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံလက်ထဲသို့ ဖမ်းဆီးအပ်နှံနိုင်ရန် ဖြောင့်မတ်ယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ကြ၏။


သူတို့သည် မုဆိုးမတို့၏အိမ်ကို အတင်းအဓမ္မသိမ်းယူတတ်ကြပြီး ဆုတောင်းရာ၌လည်း ဖြောင့်မတ်ဟန်ဆောင်၍ ရှည်လျားစွာ ဆုတောင်းတတ်ကြ၏။ ဘုရားရှင်သည် ထိုကဲ့သို့သောသူတို့ကို အခြားသောသူများထက် ပြင်းထန်စွာအပြစ်ပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan