14 ထိုအခါ ငွေကိုတပ်မက်သော ဖာရိရှဲတို့သည် ကိုယ်တော်၏စကားတို့ကို ကြားသောအခါ ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြ၏။
ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို ရှောင်ကျဉ်ကြလော့။ အကြောင်းမူကား သင်တို့၏ဥစ္စာပစ္စည်း ကြွယ်ဝမှုများ၌ သင်တို့၏ဘဝအဓိပ္ပါယ်ကို ရှာ၍မတွေ့နိုင်” ဟုမိန့်တော်မူ၏။
သူတို့သည် မုဆိုးမတို့၏အိမ်ကို အတင်းအဓမ္မသိမ်းယူတတ်ကြပြီး ဆုတောင်းရာ၌လည်း ဖြောင့်မတ်ဟန်ဆောင်၍ ရှည်လျားစွာ ဆုတောင်းတတ်ကြ၏။ ဘုရားရှင်သည် ထိုကဲ့သို့သောသူတို့ကို အခြားသောသူများထက် ပြင်းထန်စွာအပြစ်ပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
လူတို့သည်လည်း မတ်တပ်ရပ်၍ ကြည့်နေကြစဉ် အကြီးအကဲတို့သည် ကိုယ်တော်ယေရှုအား လှောင်ပြောင်လျှက် “ဤသူသည် အခြားသူတို့ကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားရှင်ရွေးချယ်ထားတော်မူသည့် မေရှိယမှန်လျှင် သူ့ကိုယ်သူကယ်တင်ပါစေ” ဟုပြောဆိုကြ၏။
လူတို့သည် ထိုသူငယ်မသည် သေဆုံးပြီးဖြစ်ကြောင်း သိထားကြပြီးဖြစ်၍ ကိုယ်တော်အား လှောင်ပြောင်ရယ်မောကြလေ၏။