Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 16:13 - Musselmani Burmese

13 မည်သည့်အစေခံမျှ သခင်နှစ်ဦးကို တစ်ပြိုင်တည်းသစ္စာမခံနိုင်ပေ။ သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကို မေတ္တာထားလိမ့်မည်။ တစ်ဦးကို သစ္စာစောင့်သိလျှင် အခြားတစ်ဦးကို မထီမဲ့မြင်ပြုလိမ့်မည်။ ထိုနည်းတူ သင်တို့သည်လည်း ဘုရားရှင်နှင့် လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်း သစ္စာမခံနိုင်” ဟုမိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




Luke 16:13
12 Iomraidhean Croise  

ငါ့ဘက်၌ မရပ်တည်သောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ဘုရားရှင်အတွက် လူတို့ကို စုဝေးရန် ငါ့အား မကူညီသောသူသည် လူတို့အား ဘုရားရှင်ထံမှ အဝေးသို့ကွဲထွက်သွားစေသောသူဖြစ်၏” ဟူ၍ဖြစ်၏။


“သင်တို့သည် ငါ၏တပည့်တော်ဖြစ်လိုသော်လည်း မိမိ၏မိဘ၊ သား၊ မယား၊ ညီအစ်ကိုမောင်နှမတို့သာမက မိမိကိုယ်တိုင်ထက်ပင် ငါ့ကိုပို၍မချစ်ပါက ငါ၏တပည့်တော်မဖြစ်နိုင်။


သင်တို့သည် သူတစ်ပါး၏ပစ္စည်းဥစ္စာတို့၌ သစ္စာမရှိလျှင် မည်သူက သင်တို့ပိုင်ဆိုင်ရန်ဥစ္စာကို ပေးမည်နည်း။


တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။


ကိုယ်တော်က “သူ့ကို မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့ကို မဆန့်ကျင်သောသူသည် သင်တို့ဘက်သားဖြစ်၏” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan