Luke 16:11 - Musselmani Burmese11 သို့ဖြစ်၍ သင်တို့သည် မဖြောင့်မတ်သော ဤလောကီစည်းစိမ်တို့၌ပင် သစ္စာမရှိကြလျှင် မည်သူက စစ်မှန်သောစည်းစိမ်ကို သင်တို့ထံအပ်နှံမည်နည်း။ Faic an caibideil |
တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။
ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။