Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 15:7 - Musselmani Burmese

7 ထိုကဲ့သို့ပင် သင်တို့အား ငါဆိုမည်ကား ဖြောင့်မတ်မှန်ကန်သောသူ ကိုးဆယ့်ကိုးဦးအတွက်ထက် အပြစ်ဒုစရိုက်မှ နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ လှည့်လာသောသူတစ်ဦးအတွက်ကို ပို၍ ရွှေမြို့တော်၌ ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်” ဟုမိန့်တော်မူ၏။

Faic an caibideil Dèan lethbhreac




Luke 15:7
13 Iomraidhean Croise  

ထိုနည်းတူ သင်တို့အား ငါဆိုမည်ကား နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ ပြန်လှည့်လာသော အပြစ်ဒုစရိုက်သားတစ်ဦးအတွက် ဘုရားရှင်၏နတ်ဒေဝါများသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။


သားကြီးကလည်း ‘အကျွန်ုပ်သည် အဖေစေခိုင်းသမျှကို လိုက်နာခဲ့ပြီး နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော်လည်း အဖေသည် အကျွန်ုပ်အတွက် မိတ်ဆွေများနှင့်အတူတူ စားသောက်ဖို့ ဆိတ်တစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။


သို့သော် သင်၏ညီငယ်သည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်လာပြီ၊ ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီဖြစ်၍ ယခုငါတို့ ဝမ်းမြောက်ပျော်ရွှင်သင့်ပေ၏’ ဟုဆိုလေ၏” ဟူ၍မိန့်တော်မူ၏။


အိမ်နီးချင်းတို့ကို ခေါ်လျက် ‘ငါ၏ပျောက်ဆုံးသောသိုးကို ပြန်ရှာတွေ့ပြီဖြစ်၍ ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟုဆိုလိမ့်မည်။


ထို့နောက် ကိုယ်တော်က လူထုပရိသတ်အား နောက်ထပ်ပုံဥပမာဖြင့် မိန့်ဆိုသည်မှာ “ငွေဒင်္ဂါးဆယ်ပြားရှိသည့် အမျိုးသမီးတစ်ဦး၌ ငွေဒင်္ဂါးတစ်ပြား ပျောက်ဆုံးလျှင် သူမသည် မီးအိမ်ကို ထွန်းညှိ၍ အိမ်ကို တံမြက်စည်းလှဲကာ မတွေ့မချင်းရှာမည်မဟုတ်လော။


သို့သော် ကိုယ်တော်က သူတို့အား “သင်တို့သည် လူတို့ရှေ့၌ မိမိကိုယ်ကိုဖြောင့်မတ်သည့်သူများကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သို့သော် ဘုရားရှင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူတို့အမြတ်တနိုးတန်ဖိုးထားနေကြသည့် လောကီစည်းစိမ်တို့သည် ဘုရားရှင်အတွက်မူ မနှစ်မြို့ဖွယ်ရာများပင်ဖြစ်၏။


ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကို ဖြောင့်မတ်မှန်ကန်သည်ဟု ထင်မှတ်နေသူများကို ဖိတ်ခေါ်ရန် လာသည်မဟုတ်။ ထိုအစား မိမိကိုယ်ကို အပြစ်သားဖြစ်သည်ကို သိသောသူတို့ကိုသာ ခေါ်ရန်လာခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan