5 ပြန်တွေ့သောအခါ၌လည်း ထိုသိုးကို ပုခုံးပေါ်ရွက်၍ ဝမ်းမြောက်ဝမ်းသာဖြင့် အိမ်ကိုပြန်လာကာ
သို့သော် သင်၏ညီငယ်သည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်လာပြီ၊ ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီဖြစ်၍ ယခုငါတို့ ဝမ်းမြောက်ပျော်ရွှင်သင့်ပေ၏’ ဟုဆိုလေ၏” ဟူ၍မိန့်တော်မူ၏။
“သင်တို့၌ သိုးအကောင်တစ်ရာရှိပြီး ထိုသိုးအုပ်ထဲမှ တစ်ကောင်သည်ပျောက်ဆုံးလျှင် သင်သည် သိုးကိုးဆယ့်ကိုးကောင်ကို လူသူကင်းဝေးရာအရပ်၌ ချန်ထားခဲ့၍ ပျောက်ဆုံးသောသိုးတစ်ကောင်ကို မတွေ့မချင်း လိုက်ရှာမည်မဟုတ်လော။
အိမ်နီးချင်းတို့ကို ခေါ်လျက် ‘ငါ၏ပျောက်ဆုံးသောသိုးကို ပြန်ရှာတွေ့ပြီဖြစ်၍ ငါနှင့်အတူ ဝမ်းမြောက်ကြလော့’ ဟုဆိုလိမ့်မည်။
ကိုယ်တော်က ဇက္ခဲအား “သင်သည်လည်း အာဗြဟံ၏မျိုးဆက်ဖြစ်သည့်အတွက် ယနေ့မှစ၍ သင်နှင့်သင့်မိသားစုအားလုံးကို ဘုရားရှင်ကယ်မတော်မူပြီ။
ထိုအခါ ကိုယ်တော်က “သင့်အား ငါအမှန်ဆိုမည်ကား သင်သည် ယနေ့ပင်လျှင် ပရဒိသုဘုံ၌ ငါနှင့်အတူရှိလိမ့်မည်” ဟုမိန့်တော်မူ၏။