29 သားကြီးကလည်း ‘အကျွန်ုပ်သည် အဖေစေခိုင်းသမျှကို လိုက်နာခဲ့ပြီး နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့သော်လည်း အဖေသည် အကျွန်ုပ်အတွက် မိတ်ဆွေများနှင့်အတူတူ စားသောက်ဖို့ ဆိတ်တစ်ကောင်ကိုမျှ မပေးခဲ့ဖူးပါ။
ထိုအခါ သားကြီးသည် အမျက်ထွက်၍ အိမ်ထဲသို့ မဝင်လိုသဖြင့် ဖခင်ဖြစ်သူသည် အပြင်သို့ထွက်လာပြီး သူ့ကို ဖျောင်းဖျလေ၏။
သို့သော်ငြား ဤသားငယ်သည် အဖေ၏ပစ္စည်းဥစ္စာတို့ကို မကောင်းသောမိန်းမများနှင့် ဖြုန်းတီးခဲ့ပြီး ပြန်လာသည့်အခါ အဖေသည် နွားပျိုကို သတ်၍ ပျော်ပွဲရွှင်ပွဲကျင်းပပေးလေသည်တကား’ ဟုဆို၏။
ထိုကဲ့သို့ပင် သင်တို့အား ငါဆိုမည်ကား ဖြောင့်မတ်မှန်ကန်သောသူ ကိုးဆယ့်ကိုးဦးအတွက်ထက် အပြစ်ဒုစရိုက်မှ နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ လှည့်လာသောသူတစ်ဦးအတွက်ကို ပို၍ ရွှေမြို့တော်၌ ဝမ်းမြောက်ဝမ်းသာရှိကြလိမ့်မည်” ဟုမိန့်တော်မူ၏။
ထိုနည်းတူ သင်တို့သည်လည်း မိမိတို့ကို စေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးစီးသောအခါ ‘အကျွန်ုပ်တို့သည် သာမန်အစေအပါးများသာဖြစ်ကြပါ၏။ အကျွန်ုပ်တို့ ဆောင်ရွက်ရမည့်အမှုအရာကိုသာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ ဟုဆိုကြလော့” ဟူ၍မိန့်တော်မူ၏။
ထို့နောက် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ယူဆတတ်ပြီး အခြားသူများကို နှိမ်ချတတ်သူတို့အား ကိုယ်တော်က ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်ကား
အရှင်မင်းကြီးသည် မိမိမပိုင်သောအရာကို အခြားသူများထံမှ သိမ်းယူတတ်၍ မိမိမစိုက်ပျိုးသည့် သူတစ်ပါး၏စိုက်ခင်းကိုလည်း ရိပ်သိမ်းတတ်ပြီး ခက်ထန်သောသူဖြစ်သည့်အတွက် အကျွန်ုပ် ကြောက်ရွံ့သဖြင့် ဤသို့ပြုရခြင်းဖြစ်ပါ၏’ ဟုလျှောက်တင်လေ၏။