15 ထို့ကြောင့် သူသည် ထိုတိုင်းပြည်မှ လူတစ်ဦးထံသွား၍ အလုပ်ပေးပါရန် တောင်းပန်သဖြင့် ထိုသူက သားငယ်အား သူ၏ခြံမှ ဝက်တို့ကို ထိန်းကျောင်းရန် စေခိုင်း၏။
များမကြာမီတွင် သားငယ်သည် မိမိရှိသမျှတို့ကိုယူ၍ တိုင်းတစ်ပါးသို့ ထွက်ခွာကာ ထိုအရပ်၌ ရှိသမျှတို့ကို အကျိုးမဲ့ဖြုန်းတီးကာ မိုက်မဲစွာနေထိုင်လေ၏။
ထို့နောက် သူ၏ပိုင်ဆိုင်မှုများ ကုန်သည့်အချိန်၌ ထိုတိုင်းပြည်တွင် အစာရေစာငတ်မွတ်ခေါင်းပါးသည့် ကပ်ဆိုက်သဖြင့် သူသည်လည်း စားရမဲ့၊ သောက်ရမဲ့ဘဝသို့ ရောက်လေ၏။
ထိုအခါ သားငယ်သည် ငတ်မွတ်လှသဖြင့် ဝက်တို့စားသည့်အစာကိုပင် စားခွင့်ရလိုသော်လည်း မည်သူကမျှ သူ့အား စားစရာမပေးခဲ့ချေ။