11 တဖန် ကိုယ်တော်က နောက်ထပ်ပုံဥပမာဖြင့် မိန့်ကြားတော်မူသည်မှာ “တစ်ခါက လူတစ်ဦး၌ သားနှစ်ယောက်ရှိလေ၏။
ထိုနည်းတူ သင်တို့အား ငါဆိုမည်ကား နောင်တသံဝေဂရ၍ ဘုရားရှင်ဘက်သို့ ပြန်လှည့်လာသော အပြစ်ဒုစရိုက်သားတစ်ဦးအတွက် ဘုရားရှင်၏နတ်ဒေဝါများသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။
တစ်နေ့တွင် သားငယ်သည် သူ၏ဖခင်ဖြစ်သူအား ‘အဖေ၊ အကျွန်ုပ်ရသင့်ရထိုက်သော အမွေတို့ကို ခွဲဝေပေးပါလော့’ ဟုဆိုသဖြင့် ဖခင်သည် သားနှစ်ဦးအား အမွေများခွဲဝေပေးလေ၏။