9 အကယ်၍ သင်ထိုင်လျှင်မူကား ထိုအရေးကြီးသောသူ ရောက်လာလျှင်မူ သင့်ကိုဖိတ်ကြားသောသူက သင့်အား ‘သင့်နေရာကို ဤသူအား ပေးလိုက်ပါ’ ဟုဆိုလျှင် သင်သည် အရှက်ရလျှက် နောက်ဆုံးနေရာ၌ သွား၍ထိုင်ရပေလိမ့်မည်။
ကိုယ်တော်မိန့်ဆိုသောစကားတို့သည် ကိုယ်တော့်ကိုရန်မူနေသူတို့အား အရှက်ရစေခဲ့ပြီး အခြားသောလူထုပရိသတ်အားလုံးတို့မှာမူကား ကိုယ်တော်ပြုတော်မူသည့် အံ့ဖွယ်အမှုများကို နှစ်သက်ဝမ်းမြောက်ကြလေ၏။
ထို့ကြောင့် သင်တို့၏အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရပြီဆိုသည်ကို အလုပ်အားဖြင့် သက်သေပြကြလော့။ သင်တို့ကိုယ်သင်တို့ အာဗြဟံ၏မျိုးဆက်ဖြစ်သည်ဟူ၍ မဆိုကြနှင့်။ အကြောင်းမူကား၊ ဘုရားရှင်သည် သင်တို့နေရာ၌ အစားထိုးရန် ဤကျောက်ခဲများကိုပင် အာဗြဟံ၏မျိုးဆက်များအဖြစ် ဖန်ဆင်းလိုက်နိုင်သည်ဟု သင်တို့အား ငါဆိုမည်။