7 ထို့နောက် ဖိတ်ကြားထားခြင်းခံရသောသူများသည် စားသောက်ရန်အတွက် အကောင်းဆုံးနေရာများတွင် ထိုင်ရန် ရွေးချယ်နေကြသည်ကို မြင်သောအခါ ကိုယ်တော်က ထိုသူတို့အား ပုံဥပမာတစ်ခု မိန့်ဆိုတော်မူသည်မှာ
ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဓမ္မာရုံများ၌ အကောင်းဆုံးနေရာထိုင်ခင်းတွင် ထိုင်လိုကြ၏။ ဈေးအရပ်၌လည်း လူတို့၏အလေးထားနှုတ်ဆက်ခြင်းကို နှစ်သက်ကြ၏။
“ကျမ်းတတ်ဆရာတို့ကဲ့သို့ မပြုမူမိကြစေရန် ဂရုပြုကြလော့။ သူတို့သည် လမ်းမပေါ်ထွက်သောအခါ တန်ဖိုးကြီးသည့်ဝတ်ရုံရှည်များကို ဝတ်ဆင်၍ ဈေးမှလူတို့၏ အလေးထားနှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြ၏။ ဓမ္မာရုံများ၌လည်း အရေးအကြီးဆုံးခုံနေရာများ၌ ထိုင်တတ်ကြ၍ အခမ်းအနားများတွင်လည်း အကောင်းဆုံးစားပွဲ၌ ထိုင်တတ်ကြ၏။