Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 13:15 - Musselmani Burmese

15 ထိုအခါ ကိုယ်တော်က “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ ဥပုသ်နေ့၌ သင်တို့၏နွားများ၊ မြည်းများကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန်ခေါ်ကြသည်မဟုတ်လော။

Faic an caibideil Dèan lethbhreac




Luke 13:15
16 Iomraidhean Croise  

ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူထုပရိသတ်တို့သည် စုဝေးလာကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် တက်နင်းမိလောက်အောင် ဖြစ်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်များအား ဦးစွာပထမမိန့်ဆိုသည်မှာ “ဖာရိရှဲတို့၏တဆေးဖြစ်သော သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။


ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “သင်တို့၏သားဖြစ်စေ၊ နွားဖြစ်စေ၊ ရေတွင်းထဲသို့ ပြုတ်ကျလျှင် ဥပုသ်နေ့ပင်ဖြစ်ပါစေ၊ ချက်ချင်းရေထဲမှ ဆွဲတင်ကြသည်မဟုတ်လော” ဟုမိန့်တော်မူ၏။


သင်၏ကြီးလေးသောအမှားများကို ဖြေရှင်းခြင်းမပြုရသေးဘဲ သင်၏မိတ်ဆွေအား ‘မိတ်ဆွေ၊ သင်၏သေးငယ်သောအမှားများကို အကျွန်ုပ်ပြုပြင်ပေးပါရစေ’ ဟုဆိုခြင်းသည် မှား၏။ ထိုသို့ပြုလျှင် သင်သည် သူတော်ကောင်းယောင်ဆောင်သောသူဖြစ်လိမ့်မည်။ ဦးစွာပထမ သင်၏အမှားများကို ပြင်ဆင်သင့်၏။ ပြီးမှသာ သင့်မိတ်ဆွေ၏သေးငယ်သောအမှားများကို ပြင်ဆင်ရန် သင်ကူညီပေးနိုင်လိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။


ကိုယ်တော်သည် ထိုမုဆိုးမကို မြင်သောအခါ သူမအား အလွန်သနားကရုဏာသက်ဝင်၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။


ကိုယ်တော်ထံသို့ စေလွှတ်၍ “ကိုယ်တော်သည် အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေရသည့် မေရှိယအရှင်ဟုတ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့ အခြားသူတစ်ပါးကို စောင့်ရဦးမည်လော” ဟုမေးမြန်းလျှောက်တင်စေလေ၏။


Lean sinn:

Sanasan


Sanasan