Luke 12:43 - Musselmani Burmese43 ထိုသခင် ပြန်လာသောအခါ သူခန့်အပ်ထားသောအစေအပါးသည် ကောင်းမွန်စွာအလုပ်လုပ်နေသည်ကိုမြင်လျှင် သခင်သည် ဝမ်းမြောက်၍ သူ့အား ဆုလာဘ်များပေးသနားလိမ့်မည်။ Faic an caibideil |
ကိုယ်တော်ကလည်း “ငါသည် သခင်၏အိမ်၌ ဘဏ္ဍာစိုးအဖြစ် စီမံခန့်ခွဲရန် ခန့်အပ်ထားသော ဉာဏ်ပညာနှင့်ပြည့်စုံ၍ သစ္စာရှိသည့်အစေအပါးကဲ့သို့သော လူတိုင်းအတွက် ဤသို့မိန့်ဆိုခြင်းဖြစ်၏။ သခင်သည်ခရီးဝေးသို့ ထွက်ခွာသောအချိန်၌ အခြားသောအစေခံများအား အချိန်တန်လျှင် အစားအစာများ ကျွေးမွေးဖို့ရန် ထိုအစေအပါးကို တာဝန်ပေး၍ ခန့်အပ်ထားလေ၏။