41 ထိုအခါ ပေတရုသည် ကိုယ်တော်အား “ကိုယ်တော်၊ ဤပုံဥပမာသည် အကျွန်ုပ်တို့အတွက်သာ မိန့်တော်မူသလော၊ သို့မဟုတ် လူအပေါင်းတို့အတွက်ပါ မိန့်တော်မူသလော” ဟုမေးလျှောက်လေ၏။
မိမိသခင်၏အလိုကို သိပါလျှက်ပင် မပြင်ဆင်၊ မလုပ်ဆောင်ထားသည့်အစေခံသည် ပြင်းထန်စွာအပြစ်ဒဏ်ပေးခြင်းကို ခံရမည်။
သို့သော် သခင်၏အလိုကို မသိဘဲ အပြစ်ပြုမိသောအစေခံသည်ကား အနည်းငယ်သာအပြစ်ဒဏ်ခံရမည်။ ဆုကျေးဇူးများစွာခံစားရသူထံမှ များစွာတာဝန်ပေးခြင်းခံရမည်။ ယုံကြည်အပ်နှံခြင်းများစွာရရှိထားသောသူထံမှလည်း ပို၍များစွာတောင်းဆိုခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။