36 ထိုမှသာ မိမိတို့၏သခင်သည် မင်္ဂလာဆောင်ပွဲမှပြန်လာ၍ တံခါးကိုခေါက်သည့်အခါ၌ ချက်ချင်းထ၍ တံခါးဖွင့်ပေးနိုင်မည်ဖြစ်၏။
ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ခါးပန်းကို မြဲမြံစွာစည်းကာ မီးအိမ်ကို အဆင်သင့်ထွန်းညှိ၍ သခင်ပြန်လာမည့်အချိန်ကို စောင့်မျှော်သောအစေခံကဲ့သို့ နေကြလော့။
ထိုအခါ သခင်သည် သူပြန်လာသည်ကို သတိနှင့်စောင့်နေသောအစေခံအား ဆုလာဘ်များပေးသနားလိမ့်မည်။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိခါးပန်းကို စည်းလျက် ထိုအစေခံကို အစားအစာများနှင့် တည်ခင်းကျွေးမွေးလိမ့်မည်။