26 သင်တို့သည် ထိုသို့သေးငယ်သောအမှုကိစ္စကိုပင် မတတ်နိုင်ကြလျှင် အဘယ်ကြောင့်အခြားအမှုကိစ္စတို့ကို စိုးရိမ်ပူပန်နေကြသနည်း။
သင်တို့တွင် မည်သူသည် စိုးရိမ်ပူပန်သောအားဖြင့် မိမိ၏အသက်ကို အချိန်ခဏတာမျှ ပို၍ရှည်စေနိုင်သနည်း။
တောရိုင်းပန်းများမည်ကဲ့သို့ ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ အဝတ်လည်း မချုပ်လုပ်ကြ။ သို့သော် သင်တို့အား ငါဆိုသည်ကား ရှေးယခင်က ဘုန်းကျက်သရေပြည့်စုံခဲ့သော ရှောလမုန်ဘုရင်ကြီးပင်လျှင် ဤပန်းများကဲ့သို့ လှပတင့်တယ်သည့် ဝတ်ကောင်းစားလှများ မဆင်မြန်းခဲ့ရပေ။
မည်သည်ကို စားရမည်၊ မည်သည်ကို သောက်ရမည်ဟူ၍ စိုးရိမ်ပူပန်မနေကြနှင့်။